ကန့်ဘလူမြို့တွင် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့တွင် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး




MNP - ဒီဇင်ဘာ  ၂


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာများတွင်ဒေသခံ ပြည်သူများကို အကျိုးပြုနိုင်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်ဌာ နဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၁ ရက်မွန်းလွဲ ၂ နာရီက အမှတ်( ၃)ရပ်ကွက် ညောင်အိုင် အထက(ခွဲ)ကျောင်း၌ ရပ်ကွက်ပြည်သူများနှင့်တွေ့ဆုံဆွေး နွေးခဲ့ကြောင်းသိရသည်။


ထိုသို့ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးသောင်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဗိုလ်မှူးကျော်စိုးတို့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအခြေ အနေများ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးမှု၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် ယခုလိုကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများကလည်း ဒေသလိုအပ်ချက်များကို တင်ပြဆွေး နွေးပေးကြရန် တိုက်တွန်းမှာကြားကြသည်။


ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာသူ ပြည်သူများက ဒေသလိုအပ်ချက်များနှင့်သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာဌာန ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)