လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အလယ်ကျေးရွာအုပ်စု၊ ရွေလင်ဗန်းစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အလယ်ကျေးရွာအုပ်စု၊ ရွေလင်ဗန်းစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး




MNP - ဒီဇင်ဘာ  ၂


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ ရှိန်းကျဲအထည်ချုပ်စက်ရုံနှင့် Gold Emperor ဖိနပ်စက်ရုံများသို့ ယမန်နေ့နေ့လည်(၁၂:၀၀)အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား စက်ရုံလည်ပတ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါစစ်ဆေးရာတွင် စက်ရုံအလုပ်ဝန်ထမ်းများ၏ အေးချမ်းလုံခြုံစွာ အလုပ်လုပ်နိုင်ရန်၊ မိမိထုတ်လုပ်သည့် ကုန်ပစ္စည်းအရည်အသွေးမြင့်မားစေရန်တို့ကို စက်ရုံတာဝန်ခံများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ မှာကြားဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။


သတင်း - မြင့်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)