ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနားကျင်းပ



MNP - ဒီဇင်ဘာ  ၂


ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် (၂၀၂၃)ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးဘောလုံး အသင်းအား အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ ပဒေသာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ်၊ သက်လုံအားကစားကလပ်မှ အသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၈)နှစ်နှင့်အောက် အမျိုးသမီးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ အမျိုးသားဘောလုံးအသင်းက အမျိုးသမီးဘောလုံးအသင်းကို (၄ဂိုး-၂ဂိုး)ဖြင့် အနိုင်ရရှိခဲ့ပြီး အနိုင်ရရှိခဲ့သည့် အမျိုးသားအသင်းအား ဆုငွေများနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီနာယက၊ ဒေါ်မော်မော်သန်းက ဆုငွေကျပ်(၂၅)သိန်အားပေးအပ်ရာ အသက်(၁၈)နှစ်နှင့်အောက်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ဆပ်ကော်မတီအတွင်းရေးမှူး ဒေါ်သီတာခိုင်မှလက်ခံရယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်မာလာဝင်းမှလည်း အမျိုးသမီးအားကစားသမား တစ်ဦးချင်းစီကို ဆုငွေများပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်က ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံကို အပ်နှင်းခဲ့‌သည်။


အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၏ဇနီး၊ ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၏ဇနီး ဒေါ်နီနီထွန်း၊ ရန်ကုန်တိုင်းဒေသကြီး စီးပွား‌ရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ဇနီး ဒေါ်နီနီစန်း၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦဂစောဂျက်ကော့ထူး၏ဇနီး ဒေါ်ဝါးနေစောလာကဖော်ရှီး၊ မြို့တော်ဝန် ဦးဘိုဌေး၏ဇနီး ဒေါ်စန်းစန်းဝင်း၊  ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့်ဇနီး ဒေါ်ဝါဝါမင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဦးညီညီမင်း၏ဇနီး ဒေါ်ဖြူဖြူစိန်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်မာလာဝင်း၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အားကစားချစ်မြတ်နိုးသူ မိဘပြည်သူများ စုံလင်စွာတက်ရောက်အားပေးခဲ့ကြောင်းသတင်းရရှိသည်။


သတင်း - စိုးဝဏ္ဏထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)