တောင်ဥက္ကလာပမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ(အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ(အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပ

 



MNP - ဒီဇင်ဘာ   ၂


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲကို ယမန်နေ့ နံနက် (၉:၃၀)အချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပဒေသာအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားကိုးအားထားရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သော မြန်မာ့သိုင်းပညာကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အားကစားမောင်မယ်များအတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။  


ပြိုင်ပွဲတွင် ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓားသိုင်းအတိုက်ပြိုင်ပွဲ၊ လက်သိုင်း၊ ဓါး(၂)လက်သိုင်း၊ တုတ်ရှည်၊ လှံရှည်ပညာ တို့ပါဝင်သည့်  တစ်ကိုယ်တော် ပညာစဉ်ပြပြိုင်ပွဲစသည့် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆု များရရှိသည့် အရေအတွက် ပေါ်မူတည်၍ အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် ပြိုင်ပွဲဝင်ကစားသမားများနှင့် အကဲဖြတ်ဒိုင်လူကြီးမင်းများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယက၊ ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့်ဇနီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများမှ တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၏ဇနီး၊ ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၏ဇနီး ဒေါ်နီနီထွန်း၊ ရန်ကုန်တိုင်းဒေသကြီး စီးပွား‌ရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ဇနီး ဒေါ်နီနီစန်း၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ဇနီး ဒေါ်ဝါးနေစောလာကဖော်ရှီး၊ မြို့တော်ဝန် ဦးဘိုဌေး၏ဇနီး ဒေါ်စန်းစန်းဝင်း၊  ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့်ဇနီး ဒေါ်ဝါဝါမင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဦးညီညီမင်း၏ဇနီး ဒေါ်ဖြူဖြူစိန်၊  ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ဆပ်ကော်မတီဥက္ကဌ ဒေါ်မာလာဝင်း၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊  တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အားကစားချစ်မြတ်နိုးသူ မိဘပြည်သူများ စုံလင်စွာတက်ရောက် အားပေးခဲ့ပြီး ၁.၁၂.၂၀၂၂ မှ ၅.၁၂.၂၀၂၂ အထိ (၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)