ပွင့်ဖြူမြို့နယ်တွင် ရေအသုံးချသူများအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ရေအသုံးချသူများအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချ

 


MNP - ဒီဇင်ဘာ  ၂


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာ၌ စိုက်ပျိုးရေ စနစ်တကျ စီမံခန့်ခွဲအသုံးချ စိုက်ပျိုးလုပ်ကိုင်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရေအသုံးချသူများအဖွဲ့စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်လှစ်ရာတွင် ဦးစွာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချပေးမည့် သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ၏ ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြဆရာများက ဒေသတွင်းရှိ တောင်သူများသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအသုံးချသူများအဖွဲ့ (WUG) ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များ၊ ဆည်ရေပေးဝေမှုစနစ်များ၊ လယ်ကြားမြောင်းများ ပြုပြင်ထိန်းသိမ်းနည်းစနစ်များ၊ တူးမြောင်းများနှင့် လယ်ကြားမြောင်းများ ထိန်းသိမ်းပြုပြင်ခြင်း ဆိုင်ရာနည်းစနစ်များ၊ လယ်ယာမြေနှင့် ရေခွန်ကောက်ခံခြင်းစနစ်များ၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်းနှင့် သီးနှံရွေးချယ် စိုက်ပျိုးနည်းစနစ်များကို စာတွေ့လက်တွေ့ စနစ်တကျ ပို့ချသင်ကြားပေးခဲ့ကြသည်။


ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံတောင်သူများက သင်တန်းတွင် ပို့ချသင်ကြားပေးမှုအပေါ်  သိရှိလိုသည်များကို သင်တန်းနည်းပြများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရေအသုံးချသူများအဖွဲ့ (WUG) မှ ဒေသခံတောင်သူကိုယ်စားလှယ် ၃၅ ဦး တက်ရောက်သင်ကြားခဲ့ပြီး နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီ အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။    


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)