ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်




MNP - ဒီဇင်ဘာ   ၂


၂ဝ၂၂ ခုနှစ်၊ ကမ္ဘာခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့နယ်များအသီးသီး၌ ART ဆေးကုဌာနနှင့်ဆင့်ပွားဆေးကုဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး HIV/ AIDSရောဂါနှင့်ပတ်သက်၍ ဆေးကုသမှုလုပ်ငန်းများကို ပိုမိုလက်လှမ်းမီရရှိစေရန်၊ ကုန်ကျစရိတ်သက်သာစေရန်နှင့် ထိရောက်၍ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများရရှိစေရန်အတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူတစ်ရပ်လုံးက နိုးကြွားတက်ကြွတဲ့ စိတ်ဓါတ်များနဲ့ All inclusive ပူးပေါင်းပါဝင်ပြီး ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။


ဆက်လက်ပြီး ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှခုခံအားကျဆင်းမှုကူးစက်ရောဂါ ပညာပေးပြဇာတ်အား ကပြဖျော်ဖြေမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက  ကြည့်ရှုအားပေးခဲ့ကြပြီး အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)