ဘူးသီးတောင်မြို့ အနောက်ရပ်ကွက်၌ ဆင်းရဲနွမ်းပါးသူအိမ်ထောင်စု(၁၅၀)စုတို့အား စားဝတ်နေရေး အဆင်ပြေစေရန်အတွက်အသား၊ငါးများ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့ အနောက်ရပ်ကွက်၌ ဆင်းရဲနွမ်းပါးသူအိမ်ထောင်စု(၁၅၀)စုတို့အား စားဝတ်နေရေး အဆင်ပြေစေရန်အတွက်အသား၊ငါးများ ထောက်ပံ့လှူဒါန်း




MNP ၊ ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီတောင်မြို့၌မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ၊ ဆင်းရဲနွမ်းပါး အိမ်ထောင်စုများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အသား၊ငါးများထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်၉နာရီအချိန်က အမှတ်(၁)၊အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ပြုလုပ်ခဲ့သည်။

အဆိုပါ အသား၊ငါးများထောက်ပံ့လှူဒါန်းခြင်းကို ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်မိ/ရပ်ဖများကပေးအပ်ရာဆင်းရဲနွမ်းပါးအိမ်ထောင်စုမှမိသားစုဝင်များကလက်ခံရယူခဲ့ကြသည်။

ထိုသို့ဆင်းရဲနွမ်းပါးမိသားစုတို့အားအမဲသားများထောက်ပံ့လှူဒါန်းရာတွင်အိမ်ထောင်စု(၁)စုလျင်အမဲသား(၅၀)သားနှုန်းဖြင့်အိမ်ထောင်စု(၁၅၀)စုတို့အတွက်(၇၅)ပိဿာထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)