ပခုက္ကူမြို့၊ မျက်မမြင်ကျောင်း၌ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၊ မျက်မမြင်ကျောင်း၌ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပ



MNP - နိုဝင်ဘာ  ၃၀


၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၃ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် မသန်းစွမ်းအားကစားပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ပခုက္ကူမြို့၊ မျက်မမြင်ကျောင်း၌ ကျင်းပသည်။


အဆိုပါအားကစားပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲတို့ပါဝင်ပြီး ပခုက္ကူမြို့၊ မျက်မမြင်ကျောင်းမှ ပြိုင်ပွဲတစ်ခုလျှင် အားကစားသမားခြောက်ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ ယင်းပြိုင်ပွဲကို မြို့နယ်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်များကို အားကစားဝတ်စုံနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ပြိုင်ပွဲများအလိုက်ဆုရရှိသူများကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့တွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)