မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 




MNP - နိုဝင်ဘာ   ၃၀


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မြေပြင်လူဦး‌စာရင်းကောက်ယူရေးအတွက်  ဌာနဆိုင်ရာများ အား သက်ဆိုင်ရာတိုက်နယ်အလိုက်  ဖွဲ့စည်းတာဝန်ပေးထားပြီး ဖြစ်ပါကြောင်း၊ မြေပြင်လူဦးရေစာရင်း ကောက်ယူမည့် စာရင်းကောက်ယူရေးအဖွဲ့များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ လူဦးရေစာရင်းကောက်ယူခြင်း၊ စာရင်းရေးသွင်းခြင်း  လုပ်ငန်းများနှင့်ပတ်သက်၍     သင်တန်းဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရာတွင် လျာထားချက်ပြည့်မီရေး ဌာနဆိုင်ရာများအား တာဝန်ပေးထားပြီးဖြစ်၍ သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်ရန်၊  ရပ်ကွက်/ကျေးရွာများတွင် လုံခြုံရေးအထူး ဂရုပြုဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်လူဦးရေစာရင်း ကောက်ယူရေး‌ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လုံခြုံ‌ရေးဆိုင်ရာများ၊‌‌ ကျေးရွာများတွင် သောက်သုံးရေဖူလုံစွာရရှိရေး၊     ဆောင်းနေကြာ စိုက်ပျိုးပြီးစီးမှု အခြေအနေများ‌ကို ရှင်းလင်း‌ဆွေးနွေးပြောကြားခဲ့သည်။   


ထို့နောက်   ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက  မြေပြင်လူဦးရေ စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြရာမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)