တိုက်ကြီးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းဝင် တောင်သူများသို့ သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းဝင် တောင်သူများသို့ သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP  -   ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းဝင် တောင်သူများသို့ သွင်းအားစုပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ရန်ကုန်-ပြည်လမ်း ရွှေဂျိုးဖြူခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရတို့က အမှာစကားများ ပြောကြားခဲ့သည်။


ဆက်လက်၍တိုက်ကြီးခရိုင်အတွင်းရှိ နွေစပါးစီမံကိန်းဝင်တောင်သူများသို့ သွင်းအားစု ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့နောက် တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ၂၀၂၂-၂၀၂၃ခုနှစ် နွေစပါးအကျိုးတူ လယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းကို ကျေးရွာ(၃၆)ရွာမှ တောင်သူ (၆၇၈)ဦး တို့မှ(၇၁၀၅)ဧကကို အစုအဖွဲ့(၅၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


စန်းကလျာခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)