MNP ၊ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကွန်တိုင်းကျေးရွာအုပ်စု ဘုရားကုန်း ကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်တွင်ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
မင်္ဂလာအချိန်ကျရောက်သည့်အခါ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်က လျှပ်စစ်မီးအား မီးခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များပတ်ဖျန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘုရားကုန်းကျေးရွာအတွင်းလျှပ်စစ်မီး ရရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ကွန်တိုင်းကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာတွင် အိမ်ထောင်စု (၁၂၀)ကျော် လူဦးရေ (၅၀၀) ကျော်ရှိပြီး လျှပ်စစ်မီးရရှိခြင်းကြောင့် ကျေးရွာနေပြည်သူများ လူမှုရေး၊ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက်ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝန်ကြီးများ က ကွန်တိုင်းကျေးရွာ အုပ်စု ကံကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိ၍ ကျောင်းအတွင်း လှည့်လည် ကြည့်ရှုပြီး ကျောင်း၏လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကာ ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။ ထို့နောက်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံပြီး အားပေးစကားများပြောကြားခဲ့ကာ စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)
https://t.me/MyanmarNationalPost



No comments:
Post a Comment