၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်အားပေး



MNP ၊ ဒီဇင်ဘာ   ၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အနာဂတ်ရဲ့ရတနာလေးများဖြစ်ကြသော ကျောင်းသား/သူများ ဘာသာစကားဝေါဟာရကြွယ်ဝစေရေး ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ စကားပြောကျွမ်းကျင်မှုစွမ်းရည်၊ တီထွင်ကြံဆတတ်မှု ထိုထွင်းသိမြင်နိုင်မှုစွမ်းရည် ပြဿနာဖြေရှင်နည်းလမ်းများနှင့် ပညာရပ်များဆိုင်ရာ လေ့လာသင်ယူမှု အရည်အသွေးမြင့်မားတိုးတက်စေရန်အတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမတွင်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာများ ကျောင်းသား/သူများ ဆရာ/မများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် စနစ်သစ်ပညာရေးရဲ့ သင်ရိုးညွှန်တမ်းများ သင်ကြားသင်ယူမှု နည်းစနစ်များ ပြင်ဆင်ပြောင်းလဲ တိုးတက်လာသည်နှင့်အညီ ကလေးများ၏ သင်ယူတတ်မြောက်မှု ပိုမိုမြင့်မားလာစေရန် အရေးအဖတ်အတွက် ထိုးထွင်းကြံဆမှုများ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာစေရန်နှင့် နိုင်ငံတကာအဆင့်မီ နှုတ်မှုစွမ်းရည် တိုးတက်လာစေရေးအတွက် ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း ပညာရေးအဆင့်အတန်း ယခုထက်ပိုမိုမြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များ ကောင်းစွာပေါ်ထွက်လာစေကြောင်းပြောကြားခဲ့ပြီး ပြည်နယ်ပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာ မူလတန်းအလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပြိုင်ပွဲဝင်ပဉ္စမတန်း(Grade-5) ကျောင်းသား/သူလေးများ ယှဉ်ပြိုင်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ ပြည်နယ်အဆင့်အခြေခံပညာမူလတန်း အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲသို့ ကျောင်းသား/သူ ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)