နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် လယ်ဝေးမြို့နယ် မြေပြင်ရှိ လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် လယ်ဝေးမြို့နယ် မြေပြင်ရှိ လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်း စစ်ဆေး

 



MNP - ဒီဇင်ဘာ  ၁


ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မြေပြင်ရှိလူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆) စာရင်းအား မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ် ဦးစီးမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း၍ ရှမ်းစုကျေးရွာအုပ်စု၊ ဝက်လက်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိသည်။


အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဦးသိန်းမြင့်၊ လယ်ဝေးခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက်၊ လယ်ဝေးမြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေး၊  လယ်ဝေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထွန်းနှင့် ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများက မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဝက်လက်ကျေးရွာအတွင်း လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးနေခြင်းအား လက်တွေ့ ကွင်းဆင်းဆောင်ရွက်ကာ စစ်ဆေးခြင်းလုပ်ငန်းများ မှန်ကန်မြန်ဆန်စေရေးနှင့် ခိုင်မာသည့် စာရင်းများရရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဝေကြည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)