မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် တွဲထိန်း(အခြေခံ)သင်တန်း၊ လက်ထောက်ကြီးကြပ်ရေမှူး(ရထားထိန်း)သင်တန်းနှင့် ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်း တို့၏ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် တွဲထိန်း(အခြေခံ)သင်တန်း၊ လက်ထောက်ကြီးကြပ်ရေမှူး(ရထားထိန်း)သင်တန်းနှင့် ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်း တို့၏ ဖွင့်ပွဲအခမ်းအနားကျင်းပ

 


MNP - ဒီဇင်ဘာ ၆


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ တွဲထိန်း(အခြေခံ)သင်တန်းအမှတ်စဉ်(၆/၂၀၂၂)၊ လက်ထောက်ကြီးကြပ်ရေမှူး(ရထားထိန်း)သင်တန်း အမှတ်စဉ်(၅၁/၂၀၂၂)နှင့် ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်း(၄၂/၂၀၂၂)တို့၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းတွဲထိန်း(အခြေခံ)သင်တန်းအမှတ်စဉ်(၆/၂၀၂၂)၊ လက်ထောက်ကြီးကြပ်ရေမှူး (ရထားထိန်း)သင်တန်းအမှတ်စဉ်(၅၁/၂၀၂၂)နှင့် ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်း (၄၂/၂၀၂၂)တို့တွင် သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးစီဖြင့် သင်တန်းကာလမှာ ၁၁ ပတ် ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)