“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့လူငယ်ဘဝ ပြုစုပျိုးထောင်ရေးအသင်းသို့ အလှူငွေနှင့်စားသောက်ကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့လူငယ်ဘဝ ပြုစုပျိုးထောင်ရေးအသင်းသို့ အလှူငွေနှင့်စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 



MNP - ဒီဇင်ဘာ ၆


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့်အတူ တိုင်း/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဖာလင်ကျေးရွာအုပ်စုရှိ “လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်း” သို့သွားရောက်၍ တာဝန်ရှိသူများနှင့် တွေဆုံခဲ့သည်။


ယင်းသို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌဦးညီနပ်နှင့် ဥက္ကဋ္ဌဦးမြင့်ဆွေတို့သည် အသင်းခန်းမတွင်မူးယစ်ဆေးဝါးဖြတ်သူများကို အားပေးစကားပြောကြားခဲ့ရာ အသင်းဥက္ကဋ္ဌဦးကျော်ခိုင်ကကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက်ဥက္ကဋ္ဌနှင့်အဖွဲ့သည် “လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်း”သို့ ထောက်ပံ့ငွေနှင့်စား သောက်ကုန်ပစ္စည်းများကို ပေးအပ်ရာအသင်းဥကဋ္ဌဦးကျော်ခိုင်ကာ လက်ခံရယူပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။


ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာ(၆၈)ဦးကို စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေကိုလည်းကောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း(၇၇)ဦးအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)