သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 


MNP - ဒီဇင်ဘာ ၂


မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်  ကြက်မောက်ကျေးရွာ၌   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို နိုဝင်ဘာ ၃၀ ရက်နေ့မွန်းလွဲ ၃ နာရီအချိန်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ရဲဘော်-၂ ဆည်‌ပေါင်ပေါ်တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်တွေဆုံခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံ တော် ထောက်ပံ့ရန်ပုံငွေဖြင့် ပြန်လည်တူးဖော်ပြုပြင်ပြီးသောရဲဘော်-၂ဆည်၊ပျူတွင်းဆည်နှင့်ဆက် စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနဦးစီးမှူးဒေါ်မြင့်ဝင်းက ရှင်းလင်းတင်ပြသည်။


ထို့နောက် အမြဲတမ်းအတွင်းဝန်က  ဆည်ရေဝင်ရောက်မှုအခြေအနေများနှင့် သီးနှံဆက်လက် စိုက်ပျိုးမည့်အခြေအနေများကို မေးမြန်းပြီးသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်းသိရသည်။ ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည်ရေပေးဝေမြောင်းအား ကွင်းဆင်းကြည့်ရှုပြီး ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ(RBF)စီမံကိန်းဖြင့် ဆောင်ရွက်ထားသော နွားမွေးမြူရေးခြံနှင့်ဆိတ်မွေ းမြူရေးခြံတို့ကို   သွားရောက်ကြည့်ရှုကာလိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။


ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ကြက်မောက်ကျေးရွာ  ရွာဦးဘုန်းတော်ကြီး ကျောင်းဆရာတော်အား ဝင်ရောက်ဖူးမြှော်ပြီး လှူဘွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး အဆိုပါကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)