မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

 




MNP - ဒီဇင်ဘာ ၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုဗစ်ရော ဂါကာကွယ်‌ ဆေးထိုးမှု လုပ်ငန်းစဉ်များတွင်လည်း အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပွင့်လင်းရာသီ‌ရောက်ရှိလာပြီဖြစ်‌သောကြောင့်၊ မြို့သန့်ရှင်းသာယာလှပရေး၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဌာနဆိုင်ရာရုံးများသန့်ရှင်းသာယာလှပရေး ဆောင်ရွက်‌စေလိုကြောင်း၊ ဆင်တောင် (လွိုင်စန့်) ဘုရားစေတီပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်၏အခွန်အခများအပြည့်  အဝ ရရှိရေး ဆောင်ရွက်သွားကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို စစ်‌ကျောင်းကြီးငါးကျောင်းဖြင့် ကွင်းဆင်းအသိပေးဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသိရှိပြီး ပြည်သူများ ယုံကြည်အားကိုးလာစေရေး ဆောင်ရွက်ကြရန်၊ လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုမှုနှင့် စပ်လျဉ်း၍ အသိပေးလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်နှင့် ဌာနများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များအား ဆွေးနွေးပေးကြရန် စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးက လူဦးရေ၊ အချက်အလက် ကိန်းဂဏန်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင်  ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်‌ရေးမှူးများအနေဖြင့် ပူးပေါင်းပါဝင် ကူညီပေးစေလိုကြောင်းကိုလည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးက ဆီထွက်သီးနှံ စိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေများလိုအပ်ပါက  မိမိတို့ဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ရေးကိုလည်းကောင်း၊ မြို့နယ်လျှပ်စစ်မှူးက လျှပ်စစ်ဓာတ်အားခများ ကောက်ခံ ရရှိမှုနှင့် ကြွေးကျန်များပေးဆောင်နိုင်ရေးကို စည်းရုံးရေးအသွင်ဖြင့် ကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဌာနက ကိုဗစ်‌‌-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ပုံမှန်ကာကွယ်ဆေးများ နေ့အလိုက်ထိုးနှံပေးနေမှု အခြေအနေများကိုလည်းကောင်း တင်ပြခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)