မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



MNP - ဒီဇင်ဘာ ၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်ကပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က ဆောင်းသီးနှံစိုက်ပျိုးမှုအခြေအနေများ၊ မြို့သန့်ရှင်းလှပစေရန်အတွက် ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးတွင် ပါဝင်ဆောင်ရွက်ကြရန်၊ ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲကြရန်၊ ရုံးဌာနများလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်စသည့်အချက်များကို ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများ၊ မြေပြင်တွင်လက်တွေ့ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် လိုအပ်ချက်များကိုအသီးသီးဆွေး နွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနိုင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ပေါက်စ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)