မိုးညိုမြို့နယ်တွင် စွမ်းအားမြှင့်မီးဖိုများအား ကျေးရွာများအရောက် သွားရောက်၍ အခမဲ့ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် စွမ်းအားမြှင့်မီးဖိုများအား ကျေးရွာများအရောက် သွားရောက်၍ အခမဲ့ ဖြန့်ဝေ



MNP - ဒီဇင်ဘာ ၆


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာဗဟိုဌာန Climate Change Centre တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေပေးရာတွင် မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၉)အုပ်စု၊ ကျေးရွာပေါင်း(၉၀)သို့ စွမ်းအားမြှင့် မီးဖိုအလုံးရေ (၁၂၉၁၅)လုံးဖြန့်ဝေပေးမှာဖြစ်ပြီး ယခုလက်ရှိတွင် ကျေးရွာအုပ်စု(၁၆)အုပ်စု၊ ကျေးရွာပေါင်း(၇၇)ရွာရှိ အိမ်ထောင်စုတစ်စုလျှင် မီးဖို(၁)လုံးဖြင့် (၁၀၆၄၀)လုံးဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသော ကျေးရွာအုပ်စုများသို့ ဆက်လက်ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ စွမ်းအားမြှင့် မီးဖိုသုံးစွဲခြင်းအားဖြင့် သမရိုးကျမီးဖိုထက် ထင်းသုံးစွဲမှု ၄၀-၄၅ ရာခိုင်နှုန်း သက်သာခြင်း၊ ကျေးရွာပတ်ဝန်းကျင်ရှိ သစ်တောပြုန်းတီးမှုကို သက်သာစေခြင်း၊ မီးဖို(၁၀)ဖို ထုတ်လုပ်တိုင်း အရွယ်ရောက်သစ်ပင် တစ်ပင်ခုတ်လှဲခြင်းမှ သက်သာခြင်း၊ မီးခိုးထွက်ရှိမှုနဲခြင်း၊ မီးခိုးများကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကင်းဝေးစေခြင်း၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကို လျော့နည်းစေခြင်း၊ စွမ်းအားမြှင့်မီးဖိုကို သုံးစွဲခြင်းအားဖြင့် သစ်တောပြုန်းတီးမှု ပမာဏကို ထက်ဝက်လျော့ကျနိုင်ခြင်း စသည့် အကျိုးများ ရရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)