ပြည်ကြီးတံခွန်မြို့နယ် ဝေယံဘုံကျော်ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ် ဝေယံဘုံကျော်ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား




MNP - ဒီဇင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်တွင် ယမန်နေ့ည ၇ နာရီခွဲခန့်က  ဝေယံဘုံကျော်ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်မျက်နှာကျက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုသတင်းအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးစီးသည့် သန္ဓေ ၁၂ဦး၊ အရံမီးသတ် ၆၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၉ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၇ နာရီ ၄၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။


ဖြစ်စဉ်မှာ ဖယောင်းတိုင်ဖြင့် ဘုရားဆီမီးပူဇော်ပြီးနောက် ဆရာတော်ကျိန်းနေချိန်တွင် ဖယောင်းတိုင်မီးလဲကာ အနားရှိစာအုပ်ပေါ်သို့ကျရောက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကျောင်းတွင် စာသင်သားသံဃာ အပါး(၄၀)ပါးရှိကြောင်း၊ မီးလောင်မှုကြောင့် ကျောင်းထိုင်ဆရာတော်၏ မျက်နှာ၊ ကျော၊ ဝဲ/ယာလက် အနည်းငယ် မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)