ပေါင်းတည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်



MNP - ဒီဇင်ဘာ ၆


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ရုံးဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ နယ်မြေကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အုတ်ဖို(၁) ရပ်ကွက်နှင့် အုတ်ဖို(၂ )ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါကွင်းဆင်းဆောင်ရွက်မှုသည် ရပ်ကွက်နေပြည်သူများ အခွင့်အရေးများ မဆုံးရှုံးစေရေး ရည်ရွယ်၍ လူဦးရေနှင့် အိမ်ထောင်စုစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်၏ အပိုင်း ၂ အဖြစ် ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စီမံချက်ကာလ အစောပိုင်းစာရင်းများကို မြေပြင်နှင့်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်း၊လိုအပ်မှု၊ဖြည့်စွတ်မှုများကို အချိန်နှင့်တစ်ပြေးညီပြီးစီးအောင် ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် သက်ဆိုင်ရာ ရုံးဝန်ထမ်း များက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သူရကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)