သာပေါင်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာများအရောက် ဆောင်ရွက်ပေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာများအရောက် ဆောင်ရွက်ပေ



MNP - ဒီဇင်ဘာ  ၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)အရ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသက်(၁၀)နှစ်မှ(၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်း၊ ပျက်စီး၊ ‌ပျောက်ဆုံးခြင်းများအား နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၃၁၊၂၀၂၃ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၁ ရက်နေ့များက ကျေးရွာများအရောက် ဆောင်ရွက်ပေးလျက်ရှိလာခဲ့ရာ ကျေးရွာအုပ်စု(၂)စုသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ပေးဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာတို့က‌ ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြသည်။

ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား အသက်(၁၀)နှစ်ပြည့်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၈)နှစ်ပြည့်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်း၊ ပျက်စီး၊‌ ပျောက်ဆုံးခြင်းများကို သမင်ကုန်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာအုပ်စုများသို့ အဖွဲ့(၂)ဖွဲ့ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဒုတိယ ဦးစီးမှူးများနှင့် တာဝန်ပေးဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ အထောက်အကူပြုအဖွဲ့များက လုပ်ငန်းပြီးစီးရေး ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပြီး သာပေါင်းမြို့နယ် စာရင်းရှီလူဦးရေ (၁၅၉၇၂၈)၊ ပန်းခင်းစီမံချက် အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ လျာထားစာရင်း (၅၀၆၆)ဦး၊ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဆောင်ရွက်ပြီးစီးမှု(၃၃၆၂)၊ ဆေင်ရွက်ရန်ကျန်ရှိ (၁၇၀၄)ဦး၊ ၆၆.၃၆% ပြီးစီးလျက်ရှိပြီး၊ အိမ်ထောင်စု လူဦးရေစာရင်း(၃၇၂)စုခန့် ဆောင်ရွက်ပြီးစီး၍ ဆက်လက်ပြီး အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ လဲလှယ်ပေးခြင်း၊ ပျက်စီး၊‌ ပျောက်ဆုံးခြင်းများအား ဆက်လက်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)