လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပျံ့နှံ့မှုတားဆီးကာကွယ်နိုင်ရန် ရပ်ကွက်နေပြည်သူများအား Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း mask များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပျံ့နှံ့မှုတားဆီးကာကွယ်နိုင်ရန် ရပ်ကွက်နေပြည်သူများအား Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း mask များ ဖြန့်ဝေ




MNP - ဒီဇင်ဘာ   ၃


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံနှံ့မှုတားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူများနေအိမ်မှပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်၍နှာခေါင်းစည်း mask များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က စင်ကျေးရွာရွှေဇင်လမ်းနှင့်ဗေဒါလမ်းထောင့်ရှိ လူစည်ကားရာနေရာများနှင့်ဆိုင်ခန်းများရှိ ဈေးသွား၊ ဈေးလာ၊ ဈေးဝယ်ပြည်သူများကို နှာခေါင်းစည်း mask များဖြန့်ဝေကာ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။


ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီပြည်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန်၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်မှီအောင်ထိုးနှံကြရန်၊ လက်ကိုမကြာခဏဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်လျက်ရှိပြီး ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာပြည်သူများကို Mask များအခမဲ့ ဖြန်ဝေပေးလျက်ရှိကြောင်းနှင့် Mask Campaign maskများ ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များတို့ပူးပေါင်း၍  ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း  Mask များ တပ်ဆင်ပြီး သွားလာကြရန် ကိုဗစ်-၁၉ ရောဂါပျံနှံ့မှုတားဆီး ကာကွယ်နိုင်ရန်  Mask Campign ပြုလုပ်ခြင်း လုပ်ငန်းများအရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် Maskအခုရေ(၇၅၀)ခုဖြန့်ဝေလျက်ရှိကြောင်း သိရသည်။


သတင်း - ခင်ဝင်းမူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)