MNP - ဇန်နဝါရီ ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စက်မှု၊ လက်မှု ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ရင်းနှီးမတည်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာအုပ်စုအတွင်း တောင်သူ ဦးကြည်လင်၏ လယ်မြေ ၄ ဧကပေါ်တွင် ဆောင်းသီးနှံများအဖြစ် စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဂေါ်ဖီထုတ်၊ မုန်ညှင်း၊ ခရမ်းသီး၊ ကိုက်လန် စသည့်ဟင်းသီးဟင်းရွက်များ စိုက်ခင်းများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တောင်သူများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ခင်းများအတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် စက်ရေတွင်းများ တူးဖော်ပေးနိုင်ရေးနှင့် လျှပ်စစ်မီးရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံ တောင်သူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စန်းကားကျေးရွာအုပ်စု၊ အာလူးဘာရီ ကျေးရွာအတွင်းရှိ တောင်သူဦးဂိုလေး၏ လယ်ယာမြေ ၁၈ ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် ငရုတ်ပွ ပင်များ ဖြစ်ထွန်းအောင်မြင်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ အဆိုပါ ကျေးရွာအုပ်စုအတွင်း ဒေသခံတောင်သူများ၏ ယာမြေများပေါ်တွင် ပန်းနှမ်း၊ ဆီမုန်ညှင်း၊ ဂေါ်ဖီထုတ်နှင့် ဖူးစား ပြောင်း ပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများအား ဆက်လက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ဝိုင်းမော်မြို့နယ် ခါးရှိကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းစခန်းရုံးအတွင်း ငါးဆေးထိုးသားဖောက်လုပ်ငန်းများ ဆောင်ရွက်ရန် ငါးမွေးမြူရေးကန်များတွင် ဒေသရင်း ငါးမျိုးစိတ်နှင့် ငါးမျိုးစုံ မွေးမြူထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းခန်းမ ဆောင်၌ ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးအောင်နိုင်ဦးက စခန်းတွင် ငါးမျိုးများ ဆေးထိုး သားဖောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စခန်းဆိုင်ရာအချက်အလက်များနှင့်၊ ငါးမွေး မြူရေးတောင်သူများအတွက် ငါးဆေးထိုးသားဖောက်သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်မှု အခြေအနေ များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးမွေးတောင်သူများထံ ငါးမျိုးများ လုံလောက်စွာဖြန့်ဝေပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး စခန်းအတွက် ထောက်ပံ့ငွေများအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment