မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ




MNP  -   ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.က(ခွဲ)(လ-၂)ကျောင်းတွင် ကျင်းပပြုလုပ်ရာ အ.လ.က (ကျဒယ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “တို့ကျောင်းတော်” သီချင်း သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းက ပညာရေးဌာနအနေဖြင့် ဘက်စုံထူးချွန်ထက်မြတ်သည့် ကျောင်းသား၊ ကျောင်းသူများကို နှစ်စဉ်မွေးထုတ် ပေးလျက်ရှိကြောင်း၊ မိုင်းဆတ်မြို့နယ်တွင် သင်ကြားရေးဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိသော်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိရေးအတွက် ကျောင်းများကို ကြိုးစားဖွင့် လှစ်သင်ကြားပေးလျက်ရှိကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး မြို့နယ်အဆင့် ပြိုင်ပွဲများတွင် စာပေဘာသာရပ် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကြင်မောင်စန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ခိုင်မြင့်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အာခါတိုင်းရင်းသားရိုးရာအက၊ ရှမ်းတိုင်းရင်းသား ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး အ.ထ.က(ခွဲ)(လ-၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာကိုရည်ရှေ့သို့လှမ်းချီ”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ အခမ်းအနားတက်ရောက် လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်(၁၅၀)ဦးခန့် တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။


မြင့်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)