နောင်ချိုမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ




MNP  -  ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသိန်းက အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ပြုလုပ်ရာ အဆိုပါကျောင်းမှ Grade-10မှ ကျောင်းသူ လေးများဖြစ်ကြသည့် မမာမာအေးနှင့် မဖူးပွင့်ဇွန်တို့က “ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11မှ မဝင့်ဝါဇင်နှင့် မပပမိုးတို့က “လူငယ်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြကြောင်းနှင့် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ လူငယ်စကားဝိုင်းသို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း အင်အား(၈၅)ဦး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)