ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်


MNP   -   ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နောင်တောင်းပရဟိတတပ်ဦးကျောင်းနှင့် နောင်တောင်းအခြေခံပညာအလယ်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့အသိပညာပေးဟောပြောရာတွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်ဌေး၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦစီးဌာန ဒုတိယဦးစီးမှူးဒေါ်သိင်္ဂီလွင်တို့က ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲရခြင်း၏ အကြောင်းအရာများကိုလည်းကောင်း၊ တစ်ကိုယ်ရည်အမှိုက်စွန့်ပစ်မှု လျှော့ချရေးအကြောင်းအရာများကိုလည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲ၏အရေးပါပုံများကိုလည်းကောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုကို လည်းကောင်း အသိပညာပေးဟောပြောပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)