မြောင်းမြခရိုင်အတွင်းရှိမြို့နယ်များ၌ အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး ဓဇဂ္ဂသုတ်ပရိတ်တော်များရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြခရိုင်အတွင်းရှိမြို့နယ်များ၌ အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး ဓဇဂ္ဂသုတ်ပရိတ်တော်များရွတ်ဖတ်ပူဇော်


MNP  -    ဇန်နဝါရီ    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်များတွင် အေးချမ်းသာယာစေခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်  အတွင်း အောင်ခြင်း ရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး၊ ဓဇဂ္ဂသုတ်ပရိတ်တရားတော်များ ပါဠိတော်နှင့် မြန်မာပြန် ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်များ အတွင်းရှိ ဘုရားစေတီ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများတွင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရသည်။


ထိုသို့ရွတ်ဖတ်ပူဇော်ရာတွင် မြောင်းမြ မြို့နယ်တွင် ဇေယျမေဒနီပရိယတ္တိ စာသင်တိုက်၊ အလယ်တောရကျောင်းတိုက်၊ မြို့မစာသင်တိုက်၊ စွမ်းအားပရိယတ္တိစာသင်တိုက်၊ ဟံသာဝတီ ကမ္မဋ္ဌာန်းကျောင်းတိုက်စသည့် ကျောင်းတိုက်များမှ ဆရာတော်ကြီးများဦးဆောင်၍ သံဃာတော်(၂၃၃)ပါး၊ အိမ်မဲမြို့နယ်တွင် ကျုံတိုင်းမင်းကျောင်းတိုက်၊ အာသောက ကျောင်းတိုက်၊ မိုးကုတ်(၂၉)ကျောင်းတိုက်၊ ကွင်းချောင်းကျောင်းတိုက်တို့မှ ဆရာတော်ကြီး များဦးဆောင်၍ သံဃာတော်အပါး(၂၀)နှင့် ဝါးခယ်မမြို့နယ်တွင် ကွမ်းခြံကုန်းကျောင်းတိုက်၊ ကံလှ ဘုန်းတော်ကြီးကျောင်း၊ ဒဏ္ခိဏာရုံကျောင်း၊ ကျောင်းသစ်ကျောင်း၊ မြစိမ်းဘုန်းကြီး ကျောင်းများမှ ဆရာတော်ကြီးများဦးဆောင်၍ သံဃာတော်(၂၅)ပါး တို့သည် အဆိုပါ ကျောင်းတိုက် များတွင် ရွတ်ဖတ် ပူဇော်ခဲ့ကြပြီး မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်သော ဝတ်ရွတ်အသင်းများမှလည်း ဘုရားစေတီပုထိုးများနှင့် ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများတွင် ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ သည့်အပြင် ဘုရားစေတီပုထိုး များတွင်လည်း သန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)