မြောက်ဦးမြို့၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ဌာနတွင်း ရှာဖွေကယ်ဆယ် ရေးတပ် ဖွဲ့ ဝင်များမှ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ဌာနတွင်း ရှာဖွေကယ်ဆယ် ရေးတပ် ဖွဲ့ ဝင်များမှ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်





MNP  -  ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဌာနတွင်းရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင်းဆောင်ရွက်ခြင်းကို ညောင် ပင် ဈေးရပ်ကွက် ၊ ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ယမန်နေ့က ခရိုင်/ မြို့နယ်မီး သတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ငလျင်ဘေး၊ မုန်တိုင်းဘေး အန္တရာယ်ဆိုင်ရာ ဇာတ်တိုက် လေ့ ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယင်းသို့ သဘာဝဘေးကြိုတင်ကာကွယ်ရေးတွင်  ခရိုင်မီးသတ်ဦးစီးဌာန မှ လက်ထောက်ညွှန် ကြားရေးမှူး ဦးခိုင်ဇော်ဟိန်း ကြီးကြပ်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့များ မှ အ ထောက် အကူပြုပစ္စည်းများဖြင့် ငလျင်ဘေး၊ မုန်တိုင်းဘေးအန္တရာယ်များ မတော်တဆကျ ရောက် လာပါက အချိန်မီရှာဖွယ်ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်တတ် စေရန်ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ဖော်ပြ ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ၊ အဆောက်အဦးများရှိ ဒဏ်ရာရရှိသောလူနာများအား ရှာဖွေ ကယ် ဆယ်ခြင်း၊ ရှေးဦးလူနာပြုစုနည်းတို့ဖြင့် ဇာတ်တိုက်လေ့ကျင့်လျှက်ရှိကြောင်း သိရသည်။


မြင့်စိုး၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)