MNP - ဇန်နဝါရီ ၂၄
လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ စာရေးဆရာအသင်းနှင့် ဘကြီးအောင်စာပေတို့မှ ပူးပေါင်း၍ ရသစုံလင် စာအုပ်စျေးရောင်းပွဲတော်အား ယနေ့နံနက် ၉ နာရီအချိန်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာအုပ်စျေးရောင်း ပွဲတော်တွင် ကျောင်းသားလူငယ်များအတွက် အင်္ဂလိပ်-မြန်မာ၊ တရုတ်-မြန်မာ၊ ဂျပန်-မြန်မာ စသည့်ဘာသာပြန် အဘိဓာန်စာအုပ်များ၊ လူငယ်ရေးရာ ဗဟုသုတစာအုပ်များ၊ ဥပဒေအကြောင်း သိကောင်းစရာစာအုပ်များ၊ တရားရေးဆိုင်ရာစာအုပ်များ၊ ဂျာနယ်၊ ရုပ်စုံနှင့် နာမည်ကျော် စာရေးဆရာများ၏ စာအုပ်များပါဝင်ပြီး ဇန်နဝါရီ ၂၄ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ၊ နေ့စဉ်နံနက်( ၇) နာရီမှ ည (၈) နာရီအထိ အထူးစျေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်သည်။
အဆိုပါ စာအုပ်စျေးရောင်းပွဲတော်သို့ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်မိဘပြည်သူများ လာရောက် ကြည့်ရှု့ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အေးအေးလတ်
https://t.me/MyanmarNationalPost

No comments:
Post a Comment