မင်းပြားမြို့၌ လူငယ်များဘက်စုံထူးချွန်စေရန် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းပြားမြို့၌ လူငယ်များဘက်စုံထူးချွန်စေရန် လူငယ်စကားဝိုင်းကျင်းပ



MNP  -  ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ လူငယ်များဘက်စုံထူးချွန်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုအမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။


ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေကလူငယ် စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ကျောင်းသူ/ကျောင်းသားများအသိဉာဏ်ပညာ၊ ဗဟုသုတများပိုမိုရရှိစေရန်၊ စကား ပြောစွမ်းရည်မြင့်မားစေ ရန်၊ကျန်းမာသန်စွမ်းပြီးအကျင့်စာရိတ္တကောင်းမွန်ကာထူးချွန်ထက်မြက်သည့် လူကောင်းလူတော် များပေါ်ပေါက် လာရန်လူငယ်နှင့်ပညာရေး၊လူငယ်နှင့်စာရိတ္တ၊လူငယ်နှင့် အားကစားခေါင်းစဉ်များ ဖြင့်ဆွေးနွေးကြရန်ပြောကြားခဲ့သည်။


ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 မှ မအေးချမ်းမေနှင့် မောင်စည်သူ ကလူငယ်နှင့်ပညာရေး၊ Grade-7မှမရွှေအိမ်သူကလူငယ် နှင့်စာရိတ္တ Grade-7မှ မောင်စိုးကျော်ကလူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီးတက်ရောက်လာကြသော ကျောင်းသူ/ကျောင်းသားများကလည်း မိမိတို့ သိရှိလို သည့်အကြောင်းအရာများကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းမေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ 


သိန်းနုအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)