MNP - ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာရေးဆရာ လှဆန်း (79-B.Ag) စိုက်ပညာရှင် (ခ) မျိုးမြင့်ဆန်း (Possitive Attitude) ရေးသားသော မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေးအခြေခံ ဆောင်းပါးများစာအုပ်ဖြင့် စာပေရေးရာ စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က မြို့နယ်စာရေးဆရာအသင်းမှ စာပေ ပညာရှင်များ၊Book Club အဖွဲ့ဝင်များနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကြောင့် စာပေဗဟုသုတများတိုးပွားလာခြင်း၊ စာပေအမြင်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်ခြင်း၊အတွေးအခေါ် စာပေကဏ္ဍ တိုးပွားလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော မြို့နယ်စာရေးဆရာအသင်းမှဥက္ကဋ္ဌ ဦးလှဆန်းဦးဆောင်၍ ၎င်းကိုယ်တိုင်ရေးသားထုတ်ဝေထားသည့် မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရေး စိုက်ပျိုးရေးအခြေခံဆောင်းပါးများ စာအုပ်တွင်ပါရှိသော လူငယ်တိုင်းအဆင်ပြေအောင်မြင်သော ဘဝကိုယ်စီပိုင်ဆိုင်ကြစေရန် အဓိကကိုယ်ပိုင်လိုအပ်ချက်ငါးရပ်မှာ ကိုယ်ပိုင်အတွေးအခေါ်အယူအဆ ကောင်းမွန်မှန်ကန်ခြင်း၊ မိမိကိုယ်ကိုမိမိ ထိန်းထိန်းသိမ်းသိမ်း နေထိုင်တတ်ခြင်း၊ မိမိကိုယ်ကိုမိမိ ပြန်လည်စီမံခန့်ခွဲနေထိုင်တတ်ခြင်း၊ ကိုယ်ပိုင်အလေ့အကျင့်စရိုက်ကောင်းများရှိခြင်း၊ ကိုယ်ပိုင်အရည်အချင်းကောင်းခြင်း/ တော်ခြင်းတို့ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှာ သိရှိလိုသည်များ မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့များ၊ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား/ ကျောင်းသူများ ဌာနဆိုင်ရာများဖြင့် စာပေဗဟုသုတ အတွေးအခေါ်များ တိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk how များကိုလစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇွဲမင်းထက်
https://t.me/MyanmarNationalPost


No comments:
Post a Comment