သရက်ချောင်းမြို့နယ်တွင် သင်္ဘောသီးရောင်းချရာမှ စျေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် သင်္ဘောသီးရောင်းချရာမှ စျေးကောင်းရရှိ



MNP  -    ဇန်နဝါရီ   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ တောင်သူအများစုက မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသောစိုက်ခင်း များနှင့် အစေ့များဖြန့်ဖြဲ၍စိုက်ပျိုးထားသော သင်္ဘောပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။


သရက်ချောင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ တောင်သူများသည် မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။


စိုက်ပျိုးရေးတောင်သူများက သင်္ဘောသီးပင်အမျိုးမျိုးစိုက်ပျိုးလျှက်ရှိရာ မိုးဦးကာလဖြစ်သည့် ဧပြီလတွင် နွားချေး၊မြေဆွေး၊ နှုံးမြေ၊ သဲတို့ဖြစ်ရောစပ်ပြီး ၅ လက်မ ၉လက်မ အိပ်များထဲသို့ ထည့်သွန်းပြီး တစ်အိပ် တစ်စေ့နှုန်းဖြစ် စတင်ပျိုးထောင်ကာ တစ်လသားအရွယ်တွင် ရွှေ့ပြောင်း စိုက်ပျိုးကြကြောင်းသိရသည်။


ပြောင်းရွှေမစိုက်ပျိုးမှီ သင်္ဘောစိုက်ပျိုးမည့်ယာကွက်ကို ကြိုတင်ထွန်ယက်ပြီး စိုက်ပျိုးမည့် တစ်ပင်နှင့်တစ်ပင် ရှစ်ပေခြားကာ အလျား၊ အနှံ၊ အနက် နှစ်ပေအနက် စိုက်ကျင်းများပြုလုပ်ပြီး စိုက်ကျင်းများထဲတွင် နွားချေး၊ နှုံးမြေ၊ မြေဆွေးတို့ကို ဆတူရောပြီး ကြိုတင်ထည့်ထားကာ စိုက်ပျိုးကြသည်။


သရက်ချောင်းမြို့နယ်တွင် သင်္ဘောသီးများရောင်းချရာမှ စျေးကောင်းရသဖြင့် ထွက်ရှိလာသော သင်္ဘောအသီးများကို ဖောက်သည်များမှ ခြံများအထိ လာရောက်ခူးယူပြီး သရက်ချောင်းမြို့၊ မြို့ပေါ်စျေးများနှင့် သင်္ဘောသီးအဝယ်တိုင်များသို့ရောင်းချရာ သင်္ဘောသီးအစိမ်းတစ်လုံးလျှင် ၇၀၀ကျပ်မှ ၁၂၀၀ကျပ်အထိ သင်္ဘောသီးအမှည့်တစ်လုံးလျှင် ၁၃၀၀ကျပ်မှ ၁၇၀၀ကျပ်အထိ စျေးကောင်းရရှိကြောင်း သင်္ဘောစိုက်တောင်သူ ဦးကြည်လွင်ထံမှသိရသည်။


သားကြီး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)