MNP - ဇန်နဝါရီ ၂၄
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့ရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စစ်ကြောင်းကြီးငါးကြောင်းပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ဟွေပါလန်ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး နိုင်ငံရေးအစုအဖွဲ့၊ အုပ်ချုပ်ရေးအစုအဖွဲ့၊ လူမှုရေးအစုအဖွဲ့၊ စည်းရုံးရေးအစုအဖွဲ့၊ ဒေသဖွံ့ဖြိုးရေးအစုအဖွဲ့တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူနေမှုများ၊ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများ၊ အခြေခံပညာကျောင်းများ အောင်ချက်ကောင်းမွန်စေရေး၊ ပညာခေတ်တွင် လူတိုင်းပညာသင်ယူခွင့်ရရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်များ၊ ပုံစံ(၁၀)အကြောင်း သကောင်းစရာများနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းမွန်စေရေးတို့ကို အသီးသီးဆွေးနွေးပြောကြားကြသည်။
ထို့နောက်တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်
https://t.me/MyanmarNationalPost
No comments:
Post a Comment