ဘုတ်ပြင်းမြို့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေး သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေး သင်တန်းဖွင့်လှစ်




MNP  -   ဇန်နဝါရီ   ၁၇

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေး ရက်တိုသင်တန်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာ ဝင်းဗိုလ်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ဦးစီးဌာနမှူး ဒေါက်တာ ဇော်ဇော်ထွန်းက မွေးမြူရေးဘဏ်စနစ်ဖြင့် ဝက်ကောင်ရေး(၁၀၀)ကောင် ဖြန့်ဖြူးရေးစီမံချက်နှင့် ပတ်သက်သည်များကိုလည်ကောင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးမင်းထွေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းကို တာဝန်ရှိသူများက အသီးသီးပို့ချခဲ့သည်။


အဆိုပါသင်တန်းတွင် ရပ်ကွက်ကျေးရွာများမှ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် သင်တန်းသား သင်တန်းသူ (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြများက စာတွေ့ လက်တွေ့ပို့ချခဲ့ကြောင်း သိရသည်။


သင်တန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ဘုတ်ပြင်းမြို့နယ်အတွင်း ဝက်ကောင်ရေး(၁၀၀)ကောင်ကို မွေးမြူရေးဘဏ်စနစ်ဖြင့် ဖြုန့်ဖြူးမည့် အစီအစဉ်တွင် မွေးမြူရေးသမားများ အထောက်အပံ့ဖြစ်စေရန်၊ ဒေသအတွင်း အသားကဏ္ဍဖူလုံကာ ကျေးလက်နေ မိသားစုများ အလုပ်အကိုင် ရရှိပြီး ဝင်ငွေတိုးတက်လာစေရန်၊ မျိုးကောင်းမျိုးသန့် ဝက်မွေးမြူရေး စဉ်ဆက်မပြတ် မွေးမြူတတ်စေရန် ရည်ရွယ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝက်မွေးမြူရေး ရက်တိုသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)