MNP - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကွယ်ရေးအတွက် မီးသတိမူရေး ကွင်းဆင်း စစ်ဆေးအကြံပေးခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီ က ပေါက်တောမြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်(ပန်းသီး)စုတွင် လယ်ကွင်းပြင်နှင်ထိစပ်လျက်ရှိသော နေအိမ်များ မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး စစ်ဆေးအကြံပေးကြသည်။
ထိုသို့ စစ်ဆေးအကြံပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဖြိုးပိုင်ဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ အမှတ်(၃)ရပ်ကွက်(ပန်းသီးစု)ရှိ လယ်ကွင်းပြင်နှင့် ထိစပ်လျက်ရှိသောနေအိမ်များအား ကောက်ရိုးပြတ်များ မီးမရှို့စေရေး၊ မီးတားလမ်းများဖောက်လုပ်ထားရှိစေရေး၊ မီးသတိမူရေး ဆောင်ရွက်ကြစေရန် စစ်ဆေးအကြံပေးကြသည်။
ထို့ပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်းပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment