MNP - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့ နံနက် ၁၀နာရီ အချိန်ကရသေ့တောင်မြို့ပေါ်ရပ်ကွက်ရှိ တော်ဝင်တည်းခိုခန်း ရွှေနဒီတည်းခိုခန်းနှင့်လင်းဟိန်း တည်းခိုခန်းတို့အား မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေး ပေးကြသည်။
ထိုသို့ စစ်ဆေးအကြံပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ကြပ်ကြီး ကျော်ဆန်းဦးနှင့် တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခဲ့ပါသည်။ဆက်လက်၍နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအားအသင့်ထားရှိရေး၊နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသောဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်၊စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။
ထို့ပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်းပြောကြား ကြောင်း သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment