မတ္တရာမြို့မဈေးတွင် PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့မဈေးတွင် PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ

 


MNP ၊ ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မတ္တရာမြို့မဈေးအတွင်းရှိ ဆီချက်ဆိုင်၌ ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အမျိုးသား (၁) ဦးသေဆုံးကာ အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် မတ္တရာမြို့နယ်၊ မတ္တရာမြိုမဈေးအတွင်းရှိ ဒေါ်အေးမြင့် ဆီချက်ဆိုင်၌ ဦးမျိုးမြင့်သိန်း (၄၆) နှစ်နှင့် မနွယ်နီဝင်း (၃၃) နှစ်တို့ ဈေးရောင်းနေစဉ် PDFအကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သွားခဲ့သဖြင့် ဦးမျိုးမြင့်သိန်းတွင် သေနတ်၊ ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မနွယ်နီဝင်းတွင် သေနတ်ထိမှန်ဒဏ်ရာ များရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ 


#MyanmarNationalPost 

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)