အုတ်တွင်းမြို့၌ ပထမအကြိမ် အမက(မူလွန်)ကသစ်တန်း(မြတ်ဆရာ) အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့၌ ပထမအကြိမ် အမက(မူလွန်)ကသစ်တန်း(မြတ်ဆရာ) အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ




MNP  -  ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက် အမက(မူလွန်)ကသစ်တန်းမှ ကျောင်းသား၊ ကျောင်းသူဟောင်းများဦးဆောင်ပြုလုပ်သော ပထမအကြိမ်(မြတ်ဆရာ) အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွာလည်ဘုန်း‌တော်ကြီးကျောင်းတိုက်၌ ကျင်းပသည်။


ဦးစွာရွာလည်ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ကြီးဘဒ္ဒန္တသူရိယဉာဏကဩဝါဒကထာ မြွက်ကြားသည်။ အခမ်းအနားတွင် (မြတ်ဆရာ)ပူဇော်ပွဲကျင်းပရေးကော်မတီနာယက ဦးသန်းမြင့်က  ပူဇော်ပွဲသို့ရောက်ရှိလာသော ကန်တော့ခံ ဆရာ/ဆရာမကြီးများနှင့် ပူဇော်ကန်တော့မည့် ကျောင်းသား/သူဟောင်းများအား အဖွင့်အမှာစကားပြောကြားပြီး ပူဇော်ပွဲကျင်းပရခြင်းနှင့် ဖြစ်မြောက်ရေးကြိုးပမ်း‌ဆောင်ရွက်ခဲ့ခြင်းများကို ဆက်လက်ပြောကြားသည်။


ထို့နောက်‌ ကန်တော့ခံဆရာ/ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာကြီးဦးထွန်းလွင်က ယခုကျင်းပသည့် အမက(မူလွန်)ကသစ်တန်းကျောင်းသည် အုတ်တွင်းမြို့၌ ပထမဆုံးဖွင့်လှစ် သင်ကြားပို့ချပေးခဲ့သည့် ကျောင်းဖြစ်ကြောင်း၊ ယခုအကြိမ်မှစ၍ အာစရိယပူဇော်ပွဲကို နှစ်စဉ်မပျက်ကျင်းပစေလိုကြောင်း၊ ပူဇော်ပွဲစတင်ဖြစ်မြောက်အောင် စုပေါင်းအားထုတ်ခဲ့ကြသည့် ကျောင်းသား/သူဟောင်းများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားပြီး မြို့နယ်ပညာ‌ရေးမှူး ဒေါ်မာလာမြင့်က ဩဝါဒစကားပြောကြားကာ ကျောင်းသား/သူဟောင်းများကိုယ်စား ဦးတိုးဝင်းနိုင်ကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


ကန်တော့ခံဆရာ/ဆရာမကြီးများနှင့်မလာရောက်နိုင်သောအဝေးရောက် ဆရာ/ဆရာမကြီး စုစုပေါင်း(၂၅)ဦးအား ကျောင်းသား/သူဟောင်းများမှ တစ်ဦးလျှင်ငွေကျပ်ငါးသောင်းစီဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံမလာရောက်နိုင်သောအဝေးရောက် ဆရာ/ဆရာမကြီးများအား  ငွေလွှဲစနစ်ဖြင့် ကန်တော့ခဲ့ကြကာခမ်းအနားကို မြတ်ဆရာ‌တေးသီချင်းဖြင့်သီဆိုဖျော်ဖြေပြီး ရုပ်သိမ်းလိုက်‌ကြောင်းသိရသည်။


အေမင်းရည်စော

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)