MNP ၊ ဇန်နဝါရီ ၁၆
(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲအခမ်းအနားကို KNPP နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ USDP အပါအဝင် နိုင်ငံရေးပါတီ (၂၆)ပါတီ က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ သဘောထားထုတ်ပြန်ထားသည်။
KNPP နှင့် PDF အကြမ်းဖက်သမားများသည် ဒေသခံတိုင်းရင်းသားများ၏ အထိမ်းအမှတ် အခမ်းအနားကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေခြင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးခြင်း စသည့် ယုတ်မာရက်စက်သောအကြံဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီ (၂၆)ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
#MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)
No comments:
Post a Comment