Blogger မှာ တပ်မတော်ကို အပုပ်ချ လုပ်ကြံလီဆည် စော်ကားရေးသားပြီး နာမည်ရလာသူတစ်ဦးဖြစ်ပါတယ်။ ဒီလို လူတွေဟာ NLD မှာ သွားစုကြတယ်။ သူတို့စိတ်ထဲ ထင်တာတွေ လုပ်ကြံဖန်တီးရေးသားပြီး တပ်မတော်ကို ပြည်သူအများ အထင်လွဲ အမြင်မှားဖြစ်အောင် ရေးသားကြတယ်။
အဲဒီလို ရေးသားသူတွေထဲမှာ နေဘုန်းလတ် ဆိုသူလည်း ပါတယ်။ လုပ်ကြံဖန်တီး ရေးသားလှုံ့ဆော်မှုတွေကြောင့် တပ်မတော်အစိုးရလက်ထက်မှာ ထောင်ကျတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာမှာ ပြန်လွတ်လာခဲ့သူ ဖြစ်တယ်။ တပ်မတော်ကို ပြည်သူအများက မုန်းတီးလာအောင် ဖန်တီးလှုံ့ဆော်ရေးသားသူ မှန်သမျှကို NLD က လက်ခံတယ်။ ဆိုတော့ ထောင်က လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပြီးနောက် NLD ထဲကို ရောက်သွားတယ်။
သူတို့ရဲ့ အလုပ်က တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက ဘာပဲလုပ်လုပ် အဆိုးမြင်ရှုထောင့်ကနေ ကြည့်ပြီး ပြစ်တင်ပြောဆိုရေးသားဖို့သာ ဖြစ်ပါတယ်။ သူတို့ တတ်ကျွမ်းတာကလည်း ဒီအလုပ်ပဲ ရှိပါတယ်။ မဟုတ်မမှန် ဖန်တီးရေးသား လှုံ့ဆော်တဲ့ နေရာမှာ ကျွမ်းကျင်အဆင့်သူ တစ်ယောက်ဖြစ်လို့ NLD ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ စာရင်းမှာ ပါလာပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို သင်္ဃန်းကျွန်းမဲဆန္ဒနယ် အမှတ်(၁)ကနေ ဝင်ရောက်ခွင့် ရခဲ့တယ်။ လွှတ်တော်တွင်းမှာ လက်ညှိုးထောင်ခေါင်းညှိတ် သက်သက်ပါပဲ။
တခြားသော ပါတီအဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာသာ အဆိုးမြင်ရှုထောင့်ကနေ ဝေဖန်အပုပ်ချပြီး အများပြည်သူ အထင်အမြင်လွဲမှားအောင် ဖန်တီးရေးသားတတ်တာက လွဲပြီး ကိုယ်တိုင် လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ နေရာရလာတော့ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ ဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အလွဲသုံးစား လုပ်မှုတွေနဲ့ ပတ်သက်လို့ ထောက်ပြဝေဖန်လာရင် နှုတ်ဆိတ်နေတဲ့ကောင်တွေထဲမှာ နေဘုန်းလတ်လည်း ပါဝင်ပါတယ်။
သူတို့တွေဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်ဆိုပြီး သိပ်ကို ဇောင်းထတဲ့ကောင်တွေပေါ့။ တကယ်တော့ ပြည်သူတွေက နေဘုန်းလတ်ကို မဲပေးတာ မဟုတ်ဘူး။ ဒေါ်စု နဲ့ NLD ကို မဲပေးတာပါ။ ဒေါ်စု က လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပြီး မဲပေးပါဆိုတဲ့အတွက်ကြောင့် ဆဲစာရေးတဲ့ ကောင်တွေလည်း လွှတ်တော်အမတ်ဖြစ်တယ်။ ၄တန်းမအောင်တဲ့ ကောင်လည်း အမတ်ဖြစ်တယ်။ ထမီနားခိုပြီး လိုက်လာတဲ့ကောင်တွေ၊ ကောင်မတွေ အမတ်ဖြစ်ကြတာပါပဲ။
တပ်မတော်အစိုးရလက်ထက်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ဘေးထိုင်ဘုပြော ဖောင်းထုတဲ့ အထဲမှာ ထိပ်ဆုံးက ရှိနေသူတွေကတော့ NLD တွေပဲ မဟုတ်လား။ သူတို့အာဏာရရင်ဖြင့် တိုင်းပြည်ဘဏ္ဍာမခိုးတော့ဘူးလိုလို၊ ဥပဒေစိုးမိုးရေးကို တကယ်လုပ်တော့မှာလိုလို၊ အဂတိလိုက်စားမှုတွေ ကင်းစင်တော့မှာလိုလို ပြည်သူတွေကို မက်လုံးပေးခဲ့ကြတာ။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အဂတိလိုက်စားတာ မဖုံးနိုင် မဖိနိုင်ပေါ်လည်း ပေါ်ရော ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တယ်ပေါ့။
အဲဒီအချိန်က ဖားပြုတ်ကြီး ဝင်းထိန်က ထဖောက်တယ်။ ဒေါ်လဲ့လဲ့မော်ကို အရေးယူသလို အားလုံးကို အရေးယူမယ်ဆိုရင် ကျန်မှာတောင် မဟုတ်ဘူးတဲ့။ အဲဒီလို ကိစ္စတွေ ဖြစ်လာတော့ နေဘုန်းလတ်တို့ ဘာသံထွက်လဲ။ ဘာသံမှ မထွက်ရဲဘူး။ သူများကိုသာ လုပ်ကြံလီဆည်ပြီး အပုပ်ချရေးရဲတာ။ သူတို့ပါတီတွင်းမှာ အဲဒီလို ဖြစ်နေတာတွေ နေဘုန်းလတ်တို့ Blogger ပေါ်မှာ ရေးသလား။
ဘယ်ရေးမလဲ။ ရေးရင် ထမိန်ခြုံလို့ မရတော့ဘူး။ ထမီနားခိုလို့ မရတော့ဘူး။ နေရာပျောက်မှာ။ ဦးကျော်ဇေယျ၊ ဒေါ်သက်သက်ခိုင် တို့လို ပါတီက အပြစ်မရှိ အပြစ်ရှာပြီး ဖယ်ထုတ်ပစ်မှာ ကြောက်တော့ နေဘုန်းလတ်တို့ ပါတီတွင်းမှာ ဖြစ်နေတာတွေကို တစ်ခွန်းတစ်ပါဒမှတောင် အများပြည်သူကြား ချမပြရဲဘူး။
၂၀၂၀ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်တဲ့အချိန် အာဏာရမ္မက်ထနေတဲ့ NLD အစွန်းရောက် အုပ်စုဟာ အာဏာပြန်လည်ရရှိရေး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာကြတယ်။ အရင်ကတည်းက မဟုတ်မမှန် လုပ်ကြံရေးသားပြီး ပြည်သူအများ အထင်အမြင်လွဲမှားအောင် မှိုင်းတိုက်တဲ့ နေရာမှာ အစွမ်းအစ ရှိပြီးဖြစ်တဲ့ နေဘုန်းလတ်တို့ လုပ်ကြံဖန်တီးရေးသားလှုံ့ဆော်မှုတွေ ပြန်လုပ်လာကြတယ်။ သူတို့ အပြောကတော့ "၈၈ က သောက်ချိုးတွေ၊ ၂၁ မှာ လာမချိုးနဲ့" ဆိုလား။ သူတို့ရဲ့ လုပ်ရပ်တွေကတော့ ၈၈ သောက်ချိုးတွေနဲ့ တထေရာတည်းပါပဲ။
အများပြည်သူကြားမှာ အထိတ်တလန့်ဖြစ်အောင် ဖန်တီးတယ်။ ကောလဟာလသတင်းတွေ ဖြန့်ဝေတယ်။ မင်းကိုနိုင်ရဲ့ ဦးဆောင်မှုနောက်မှာ လိုက်ပါလုပ်ဆောင်ခဲ့ကြတယ်။ နောက်ဆုံးတော့ ၈၈ က သောက်ချိုးတွေအတိုင်းပဲ ပြည်သူတွေကို လမ်းပေါ်စွဲတင် မြှောက်ပေးပြီး သူတို့က ပြည်ပကို ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ လေလှိုင်းပေါ်က ဝါဒဖြန့်မှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ကြတယ်။
ပြောရရင် ဒီကောင်က လူပါး လူနပ် အကြမ်းဖက်လှုပ်ရှားမှုကို ဂျင်မီ၊ ဇေယျာသော်တို့လို အနီးကပ် ဦးမဆောင်ဘူး။ ဦးဆောင်ခဲ့ရင်လည်း ကြိုးပေးခံရတဲ့အထဲ ပါသွားလောက်ပါပြီ။ လူပါး လူနပ်တွေ၊ ပြည်သူကို ချနင်းပြီး နိုင်ငံရေးလုပ်စားတဲ့ သတ္တဝါတွေ မင်းတို့တွေအနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၄၀၀၀ ကျော်ကို ယုတ်မာရိုင်းစိုင်းစွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြန်ပြီး ပေးဆပ်လိုက်ပါအုံး။ မင်းတို့ ရာဇဝတ်ကြွေးကို ဆပ်ပြီးတဲ့တစ်နေ့ မင်းတို့တောင်းဆိုချက်တွေ ပြည့်ဝဖို့ အလားအလာ ရှိပါတယ်။
မင်းတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို လိမ်ညာဖုံးကွယ်ပြီး အကြမ်းဖက်လှုံ့ဆော်သူ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေကို နိုင်ငံရေးအကျဉ်းသားလို့ ခေါင်းစဉ်တပ်အော်နေရုံနဲ့ မင်းဆန္ဒတွေ ပြည့်ဝမလာနိုင်ဘူး။ မင်းတို့ရဲ့ ရာဇဝတ်ကြွေးတွေကို အရင်လာ ဆပ်လိုက်အုံး။ မင်းတို့မှ မင်းတို့လိုလားချက်တွေကို တောင်းဆိုပါ။
ဒေါင်းနင်း
#MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

No comments:
Post a Comment