MNP ၊ ဒီဇင်ဘာ ၁၇
ယနေ့နံနက် ဘားအံမြို့တွင် အကြမ်းဖက်မှုများ ဆန့်ကျင်ရှုတ်ချပွဲ ကျင်းပရန် ဆောင်ရွက်လျက်ရှိပြီး အခမ်းအနားတွင် အမျိုးသားရေး ဦးဆောင်ဆရာတော် ဦးဝီရသူ ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် NLD အစွန်းရောက်များက CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး KNU, KNLA, KKO, KIA, KNPP အစရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေမှုများအပေါ် တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူများက ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တွင် ကျင်းပသည့် အကြမ်းဖက်မှုများ ဆန့်ကျင်ရှုတ်ချပွဲတွင် အမျိုးသားရေးဦးဆောင်ဆရာတော် ဟောပြောခဲ့ပြီး အကြမ်းဖက်လှုံ့ဆော်သူ မင်းကိုနိုင်၊ ဇော်ဝေစိုး၊ ဒူဝါလရှီ၊ ဆာဆာ တို့၏ ယုတ်မာရိုင်းစိုင်းသော သွေးထိုးလှုံ့ဆော်မှုများကို ထောက်ပြဝေဖန် ဟောပြောသွားခဲ့သည်။
ဘားအံမြို့တွင် ကျင်းပသည့် အကြမ်းဖက်မှုများ ရှုတ်ချပွဲအခမ်းအနားကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ တက်ရောက်ကြပြီး မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အဆိုနှင့် ပတ်သက်၍လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH, NUG, PDF တို့ဘက်မှ ကာကွယ်ရပ်တည်ပေးနေသည့် အမေရိကန်၏ အကြမ်းဖက်အားပေးလုပ်ရပ်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဘိုင်ဒန်၏ ပုံကို ရှုတ်ချ ဖော်ပြထားသည်ကို တွေ့မြင်ရသည်။
(ဆက်လက်ဖော်ပြပါမည်။)
#MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)










No comments:
Post a Comment