တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်



MNP  -   ဇန်နဝါရီ     ၂၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အများပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးနှင့် ဗို့အားပြည့်ဝစွာ ရရှိရေးတို့အတွက် မြို့နယ်လျှပ်စစ်ဌာန အနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်း လျှပ်စစ် ဓာတ်အားလိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ကျိုးကျ၍ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ် လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ ကန်ပတ် လမ်းနှင့် ကျိုက္ကဆံလမ်းမကြီး တစ်လျှောက်ရှိ ၆.၆ကေဗွီ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်း များအား ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြသည်။


" ယခုလို မြို့နယ်အတွင်းမှာရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးတာဟာ မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေအတွက် အရမ်းကောင်းမွန်တဲ့ ဝန်ဆောင်မှု တစ်ခုပါ။ မိုးတွင်းကာလတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်လေ့ရှိတာကြောင့် လျှပ်စစ် ဓာတ်အား လိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ပြိုလဲ၊ကျိုးကျမှုတွေကလည်း မြို့နယ်အတွင်း မကြာခဏ ဆိုသလို ဖြစ်ပေါ်လေ့ရှိတာကြောင့် လျှပ်စစ်ဓာတ်ကြိုးတွေ ပြတ်တောက်ပြီး လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုများ ရှိနိုင် သည့်အတွက် ကျွန်တော်အပါအဝင် ရပ်ကွက်နေပြည်သူတွေအဖို့ သွားရေးလာရေးတွင် အမြဲတမ်း သတိထားပြီး သွားလာနေရပါတယ်။ ယခုလို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်း သည့် သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပေးခြင်းအားဖြင့် လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ် ရာလည်း ရောက်ပါတယ် " ဟု ဒေသခံပြည်သူတစ်ဦးကဆိုသည်။


ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)