အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ထုးချွန်ဆု ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ထုးချွန်ဆု ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ



MNP  -  ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်ပညာရည်ချွန်ဆု ချီးမြှင့်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော် အခမ်းအနား ကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှေ့၌ကျင်းပရာ Grade-4 ကျောင်းသား ကျောင်းသူများက ‘ကြိုဆိုပါသည် စုံညီပွဲတော်ဆီ’သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ဖွင့်လှစ်ပေးသည်။


ဦးစွာ အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသူက အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်နာယက ဆရာဦးဉာဏ်မြင့်က ပညာရေးဆိုင်ရာကိစ္စများကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်မျိုးအေးက ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။


ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အတန်းလိုက် ပညာရည်ထူးချွန်ဆု(၁၆၇)ဆု၊ စာပေ၊ ပန်းချီ၊ ကဗျာထူးချွန်ဆု (၂၁)ဆု အားကစားထူးချွန်ဆု(၈)ဆု၊ သင်ကြားရေးထူးခွန်ဆု(၁)၊ စေတနာသင်ကြားရေး အားမာန်ဆု(၈)ဆု၊ ကျောင်းဆရာဆရာမများ အားလုံးအတွက် အားမာန်ဆု(၃၃)ဆု အပါအဝင် စုစုပေါင်း(၂၃၈)ဆုကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးဆောင် နာယကနှင့်အဖွဲ့ဝင်များ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ အား တက်ရောက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက တေးသီချင်း၊ အကများဖြင့် ‌သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။


အောင်ခိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)