MNP - ဇန်နဝါရီ ၂၅
သံတွဲခရိုင်၊ငပလီမြို့၌ယနေ့ နံနက်(၁၁း၀၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ဒေါ်မြင့်မြင့်အေးကပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့်ရုံးလုပ်ငန်းလက်စွဲစာအုပ်အခန်း(၃)ပါထွက်စာများကိုအရးယူဆောင်ရွက်ခြင်း၊အခန်း( ၄)ပါစာရွက်စာတမ်းများလုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်းအားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက် လာကြသည့်ဝန်ထမ်းများကရုံးလုပ်ငန်းလက်စွဲ စာအုပ် အခန်း(၄)ပါဦးစားပေးအဆင့်အတန်းကိုဖတ်ကြားပြီး မြို့နယ်ဦးစီးမှူးက ခေါင်းစဉ် တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment