ပုဏ္ဏားကျွန်းမြို့(ယာယီ)တိုက်ပွဲရှောင်စခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့(ယာယီ)တိုက်ပွဲရှောင်စခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်





MNP  -    ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့,ရေပေါက်ချောင်းကျေးရွာအုပ်စု စက်မှုဇုံတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့သည်။


      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရေးအတွက် တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းအတွင်း နေထိုင်သူများ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ  ဆောင်ရန်/ ရှောင်ရန်အချက်များအား တစ်အိမ်တက်ဆင်းအသိပညာပေးရွက်ပေးခဲ့ကြသည်။


   ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်  တာဝန်ရှိသူများက  တိုက်ပွဲရှောင်စခန်းအတွင်းနေထိုင်သူများအား သန့်ရှင်းရေးဆောင်ရွက်ထားရှိရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)