မိုးကောင်းမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်




MNP  -   ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်စွာအသုံးချနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို အမှတ် (၅၅) စက်မှုလယ်ယာ စခန်း၌ ဇန်နဝါရီ (၁၆) ရက်နံနက် (၁၀) နာရီတွင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် စက်မှုလယ်ယာဦးစီးဌာန မိုးညှင်းခရိုင်ဦးစီးဌာနမှူး ဦးကျော်တင့်က လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူးဦးသန်းကျော်ဌေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ထိုသင်တန်းကို မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှသင်တန်းသား (၃၀) ဦး တက်ရောက်သင်ယူပြီး သင်တန်းကာလမှာ ဇန်နဝါရီ (၁၆) ရက်မှ (၂၉) ရက်ထိဖြစ်ကြောင်း သိရသည်။


သင်တန်းတွင် ထွန်စက်ကြီးနှင့် ထွန်ယက်ကိရိယာဘာသာရပ်၊ လက်တွန်းထွန်စက် ဘာသာရပ်၊ စက်မှုလယ်ယာ၊ စနစ်တကျလယ်ယာမြေဖော်ထုတ်ခြင်း၊ ထွန်စက်နှင့်ထွန်ယက်ကိရိယာ ထိန်းသိမ်းမှုဘာသာရပ်တို့ကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ နည်းပြများကစာတွေ့လက်တွေ့ ပို့ချသင်ကြားမည်ဖြစ်ကြောင်း သိရသည်။


သန်းလွင်ဦး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)