ကလောမြို့နယ်၌ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်


MNP  -   ဇန်နဝါရီ  ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများလျှော့ချနိုင်ရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေး၊ ဌာနဝင်ငွေတိုးတက်ရရှိရေး၊ လျှပ်စစ်အန္တရယ်ကင်းရှင်းရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ ကလောမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ၃၃ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁ ကေဗွီဓာတ်အားလိုင်းမှ ဓာတ်အားရယူသော ရပ်ကွက်/ကျေးရွာအတွင်းရှိ ဓာတ်အားလိုင်းနှင့်မလွတ်သော သစ်ကိုင်းသစ်ခက်များကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော မီတာများမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်မှုများကို လစဉ် သတ်မှတ်ရက်များအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ၏ပြောကြားချက်အရသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)