မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အမျိုးသား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အမျိုးသား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ




MNP   -   ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ(ဖလား) အမျိုးသားအလွတ်တန်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ  အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ဗိုလ်လုပွဲတွင် ဝမ်ဟိုင်း FC အသင်းနှင့် လမ်းခွဲ FC အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး လမ်းခွဲ FC အသင်းက ဝမ်ဟိုင်း FC အသင်းအား (၆ဂိုး- ၅ဂိုး) ပင်နတီအချိန်ပိုဖြင့် အနိုင်ရရှိခဲ့သည်။


ထို့နောက် ဆုချီးမြှင့်ပွဲအစီအစဉ်ကို ဆက်လက်ကျင်းပရာ မိုင်းရှူးမြို့နယ် ကြက်ခြေနီ အသင်းအား ဂုဏ်ပြုဆု၊ Tower Fc အသင်းအား တတိယဆု၊ ဒုတိယဆုရရှိ‌သော ဝမ်ဟိုင်း FC အသင်းအား တစ်ဦးချင်း ငွေဆွဲပြားဆု၊ ပထမဆုတံခွန်စိုက်ရရှိသော လမ်းခွဲFC အသင်းအား တစ်ဦးချင်း ရွှေဆွဲပြားဆု၊ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု၊ ဂိုးသမား အကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ပထမဆု တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုတို့ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကျော်လင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဝါသနာရှင်မိဘပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


သန်းလူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)