ကျောက်ဆည်မြို့နယ်တွင် နနွင်း(၁၀၈၃)ဧက လျာထားစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် နနွင်း(၁၀၈၃)ဧက လျာထားစိုက်ပျိုး


MNP  -   ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ နှံစားပြောင်း၊ ပြောင်းဖူး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ငရုပ်၊ ချည်မျှင်ရှည်ဝါ၊ ငှက်ပျော၊ သရက်၊ ကွမ်း၊ ရှောက်၊ သံပရာ၊ နနွင်း စသည့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်နတွင် နနွင်း(၁၀၈၃)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။


နနွင်းသီးနှံသည် မြေတွင်းအတတ်ပွားသီးနှံဖြစ်ပြီး မြေအစိုဓာတ်မပြတ်ရေသွင်းနိုင်ရေး အမြင့်(၁)ပေ၊ အကျယ်(၃)ပေခန့် မြေဘောင်များပြုလုပ်ကာစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးနှင့် နနွင်းအတက်မျိုးစိုက်ပျိုးခြင်းဟူ၍ မျိုးရရှိမှုအပေါ်မူတည်ပြီး စိုက်ပျိုးကြကြောင်းနှင့် နနွင်းခေါင်းမျိုးစိုက်ပျိုးပါက တစ်ဧက(၅၀၀)ပိဿာခန့် စိုက်ပျိုးရပြီး၊ အတက်မျိုးစိုက်ပျိုးပါက (၆၀၀)ပိဿာခန့်စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင်တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း(၅)လက်မအကွာစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး(၄)လခန့်တွင် နနွင်းအပွင့်များစတင်ပွင့်ပြီး ချိုးယူရောင်းချပါက နနွင်းတစ်ဧကတွင် ငွေကျပ်(၇)သောင်းခန့်ရကြောင်း၊ (၈)လကျော်တွင် နနွင်းများတူးဖော်ရပြီး တစ်ဧက နနွင်းတက်အစို (၃၇၀၀)ပိဿာမှ (၄၀၀၀)ပိဿာထွက်ရှိကြောင်း၊ ပြုတ်ပြီးအခြောက်လှန်းပါက ကုန်ချိန်(၈၀၀)ပိဿာမှ (၁၀၀၀)ပိဿာခန့်ရရှိကြေင်း နနွင်းစိုက်တောင်သူများထံမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်အနေဖြင့် နနွင်းသီးနှံများကို ပေါင်လောင်ကြီး၊ ပွတ္တိုင်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်းကျေးရွာများတွင်စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)